TGL #4 The Great Lethwei ( အိုလန် Vs ရာမန် )

Rangoon Sport Media
Rangoon Sport Media
85.3 هزار بار بازدید - پارسال - ပထမအချီ ၂မိနစ်မပြည့်ခင်မှာ အိုလန် ဘာဖြစ်သွားတာလဲ ?
ပထမအချီ ၂မိနစ်မပြည့်ခင်မှာ အိုလန် ဘာဖြစ်သွားတာလဲ ?

သိမ်ဖြူအားကစားလက်ဝှေ့ရုံမှာ ကျင်းပခဲ့တဲ့ တွဲဆိုင်း (၁၀)ဆိုင်းနဲ့ စီစဥ်ထားတဲ့ TGL #4 The Great Lethwei ပြိုင်ပွဲကြီးရဲ့ ခေါင်တွဲဆိုင်းကြီးမှာ ထိုင်းနိုင်ငံက အိုလန် နဲ့ မြန်မာနိုင်ငံက ရာမန် တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြတယ်။

အဆိုပါပွဲမှာ ပထမအချီ ၂မိနစ်မပြည့်ခင်မှာတင် ရာမန်က ပွဲသိမ်းအလဲထိုးနဲ့ အနိုင်ရရှိခဲ့တယ်။
လက်သီးချက်တွေ၊ ကန်ချက်တွေကြောင့်မဟုတ်ဘဲ နှစ်ယောက်စလုံး သူချုပ်ကိုယ်ချုပ် ချူပ်ရင်း ပြုတ်အကျမှာ အကျမတော်ဘဲ အိုလန် တယောက် လည်ပင်းရိုးထိပြီး ထမ်းစင်နဲ့သာ ထုတ်သွားရတာကို အောက်က 👇👇👇 ရုပ်သံမှာ တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

ပွဲကောင်းတပွဲမျှော်လင့်နေတဲ့ မြန်မာ့လက်ဝှေ့ပရိသတ်တွေလည်း မထင်မှတ်ထားတဲ့အခြေအနေကြောင့် ပွဲကောင်းနဲ့ လွတ်သွားခဲ့ရတယ်လို့ ဆိုရမှာပါ။

အိုလန်နဲ့ပတ်သက်တဲ့ နောက်ဆက်တွဲသတင်းများကိုတော့ အခုထိ မသိရှိရသေးပါ။
ဘေးကင်းပါစေလို့ပဲ ကျနော်တို့ Rangoon Sport Media က ဆုတောင်းပေးလိုက်ပါတယ်။

#Rangoon
#TGL4
#TheGreatLethwei
#လက်ဝှေ့
پارسال در تاریخ 1402/04/04 منتشر شده است.
85,358 بـار بازدید شده
... بیشتر