Khit Thit သတင်းဌာန၏ ဇူလိုင် ၁၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit Media
Khit Thit Media
1 میلیون بار بازدید - 4 هفته پیش - Khit Thit သတင်းဌာန၏ ဇူလိုင် ၁၃
Khit Thit သတင်းဌာန၏ ဇူလိုင် ၁၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၁၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- ရခိုင်ပြည်နယ် ၊ သံတွဲမြို့နယ်က ငပလီကမ်းခြေကို အာရက္ခတပ်တော် AA က သိမ်းပိုက်ပြီးတဲ့ နောက် အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ဗိုလ်ချုပ်တွေနဲ့ ခရိုနီတွေ ပိုင်တဲ့ ဟိုတယ် ၆၅ လုံး ဟာ အာရက္ခတပ်တော် AA ရဲ့ ထိန်းချုပ်မှု အောက်ကို အပြည့်အ၀ ရောက်ရှိသွားပြီလို့ သိရပါတယ်။

- မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာကို မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းပိုက်ပြီးတဲ့နောက်မှာပဲ စစ်ကောင်စီက ၃ နှစ်ကျော်ကြာ ချိတ်ပိတ်ခဲ့တဲ့ နေအိမ်ကို တော်လှန်ရေး PDF ရဲဘော်  ကိုဝေမိုးကျော်ကိုယ်တိုင် သော့ဖွင့်ပြီး အိမ်ပြန်ခွင့်ရသွားပြီလို့ သိရပါတယ်။

- စစ်ကိုင်းတိုင်းက ဆားတောင်မြို့ရဲစခန်းကို ကိုသက်ကြီး ဦးဆောင်တဲ့ ဇီးရိုးပျောက်ကျားတပ်ဖွဲ့နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးဝန်းကျင် သေသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
4 هفته پیش در تاریخ 1403/04/23 منتشر شده است.
1,028,344 بـار بازدید شده
... بیشتر