Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit Media
Khit Thit Media
653.5 هزار بار بازدید - 7 ماه پیش - Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၅
Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၂၅ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

- ရခိုင်ပြည်နယ်က ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော် AA က အလုံးစုံ သိမ်းပိုက်လိုက်ပြီလို့  ညီနောင် မဟာမိတ် ၃ ဖွဲ့က ဇန်နဝါရီလ ၂၄ ရက်နေ့ဖြစ်တဲ့ မနေ့က ညပိုင်းမှာပဲ တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

- ရှမ်းပြည်နယ်၊ တောင်ပိုင်းက ဆီဆိုင်မြို့ ရဲစခန်းကို PNLA နဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်လိုက်ပြီး ၊ စစ်ကောင်စီက ဆီဆိုင်မြို့ကို တိုက်လေယာဉ်နဲ့ ဗုံးကျဲမှုကြောင့် ပြည်သူ တချို့ ထိခိုင်သေဆုံးမှု ရှိထားတယ်လို့လည်း ဒေသခံ ပြည်သူတွေက  ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

-ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အပစ်ရပ်ရေး သဘောတူညီမှု ရအောင် ကြားဝင်ဆောင်ရွက်ပေးတဲ့ တရုတ် နိုင်ငံကို စစ်ကောင်စီက အလေးမထားစော်ကားတဲ့ အနေနဲ့ တိုက်ခိုက် မှုတွေ လုပ်နေ တယ်လို့ ညီနောင် ၃ ဖွဲ့က တရားဝင် ထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်း တွေကို တင်ဆက်ပေးပါမယ်။
7 ماه پیش در تاریخ 1402/11/04 منتشر شده است.
653,501 بـار بازدید شده
... بیشتر