Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit Media
Khit Thit Media
760 هزار بار بازدید - 9 ماه پیش - Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၂
Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -ညီနောင်မဟာသုံးဖွဲ့ နဲ့ တော်လှန်ရေး တပ်ပေါင်းစုတွေ ဆင်နွဲ နေတဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလ အတွင်းမှာ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီ တပ်တွေ လုပ်ဆောင်ခဲ့တဲ့ ဥပဒေမဲ့ သတ်ဖြတ် မှုနဲ့ စစ်ရာဇဝတ်မှု တွေကို စုံစမ်းစစ်ဆေးဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က တိုက်တွန်းလိုက်ပါတယ်။ - ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နမ့်ဆန်မြို့မှာ ပျောက်ဆုံးနေတဲ့ စစ်ကောင်စီရဲ့ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်က တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းကို သေဆုံး သို့မဟုတ် ဖမ်းဆီး ခံရပြီဆိုပြီး စစ်ကောင်စီရဲ့ အစီရင်ခံစာမှာ မှတ်ချက်ပြုလိုက်တယ်လို့ တပ်တွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ - ရခိုင်ပြည်နယ် ပေါက်တောမြို့ကို စစ်ကူရောက်လာတဲ့ စစ်သင်္ဘော ၃စီးကို ရက္ခိုင့်တပ်တော် AA ကနေ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က သေတဲ့သူတွေ ၊ ဒဏ်ရာ ရတဲ့သူတွေနဲ့ စစ်သင်္ဘောတွေ နောက်လှည့်ပြန်သွားကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
9 ماه پیش در تاریخ 1402/09/30 منتشر شده است.
760,036 بـار بازدید شده
... بیشتر