Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit Media
Khit Thit Media
701.9 هزار بار بازدید - 6 روز پیش - Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၂
Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-မြန်မာနိုင်ငံမှာ ရာဂီမုန်တိုင်းအရှိန်ကြောင့် ရှမ်းပြည်နယ်၊ နေပြည်တော်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် အပါအဝင် နိုင်ငံတစ်ဝန်းလုံး မြစ်၊ ချောင်းတွေ ရေကြီးခြင်း၊ တောင်ကျချောင်းရေ တိုက်စားခြင်းတို့ကြောင့် ပြည်သူတွေ ရေဘေးဒုက္ခ အကြီးအကျယ်ကြုံနေရတယ်လို့ သိရပါတယ်။

- စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှရွာ ပျူစောထီးစခန်းနဲ့ စစ်ကူစစ်ကြောင်းကို တိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်ဘက်က အရာရှိ ၁ ဦးအပါအဝင် ၃၀ ကျော် သေဆုံးပြီး PDF ရဲဘော် ၁၁ ဦး ကျဆုံးခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောပါတယ်။

- ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်မှာ အမှိုက်ကောက်နေတဲ့ အမျိုးသား ၁ ဦး ခလရ ၄၁ တပ်ရင်းက ထောင်ထားတဲ့ မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
6 روز پیش در تاریخ 1403/06/21 منتشر شده است.
701,945 بـار بازدید شده
... بیشتر