ဘုန်းကြီးရဲ့ အသက်ဟာ ဓမ္မပဲ

The Irrawaddy News
The Irrawaddy News
2.9 میلیون بار بازدید - 2 سال پیش - ဘုန်းကြီးရဲ့ အသက်ဟာ ဓမ္မပဲ (ရုပ်/သံ)ဧရာ၀တီ၊ ဩဂုတ်
ဘုန်းကြီးရဲ့ အသက်ဟာ ဓမ္မပဲ (ရုပ်/သံ)

ဧရာ၀တီ၊ ဩဂုတ် ၁၈၊ ၂၀၂၂

ဆရာတော် ဘဒ္ဒန္တဉာဏိဿရဟာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ တက္ကသိုလ်များအဖွဲ့ရဲ့ ဥက္ကဋ္ဌ ရာထူးကို ရယူထားသလို၊ ရွှေ ကျင်နိကာယရဲ့ ရွှေကျင်သာသနာပိုင် ရာထူးကိုလည်း စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် အောက်တိုဘာလ အ တွင်းက သံဃာများရဲ့ သဘောထားကို ရယူခြင်းမရှိပဲ၊ သူ့သဘောဆန္ဒနဲ့ ရယူလိုက်တာ ဖြစ်တယ်လို့ နွေဦးတော်လှန်ရေး သံ ဃာ့ကွန်ယက် အဖွဲ့ဝင် ဆရာတော်တွေက မိန့် ကြားကြပါတယ်။

စစ်ကိုင်း၊ မကွေးနဲ့ တိုင်းရင်းသားဒေသတွေမှာ ပြည်သူလူထု အိမ်ယာတွေကို မီးရှို့၊ ပြည်သူ့ စည်းစိမ်ဥစ္စာတွေကို လုယက်ဖျက် ဆီး၊ အရက်စက်ဆုံး စစ်ဆင်ရေးတွေနဲ့ ပြည်သူတွေကို နည်းမျိုးစုံနဲ့  ဖမ်းဆီးညှဥ်းဆဲ သတ်ဖြတ်နေတဲ့ အာဏာသိမ်း စစ်ခေါင်း ဆောင်ကို "သဒ္ဒါ၊ ပညာနဲ့ ပြည့်စုံသော မင်း" လို့  သီတဂူဆရာတော်ရဲ့ ချီးကျူးပြောဆိုချက်အပေါ်မှာ စစ်အာဏာရှင်စနစ်ကို အသက်ပေး တိုက်ထုတ်နေကြတဲ့ မြန်မာပြည်သူများအကြား ဗုဒ္ဓဘာသာနဲ့ သံဃာထုအပေါ် ဝေဖန်ပြောဆိုမှုတွေလည်း ထွက် ပေါ်နေပါတယ်။

ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး ဖြိုခွဲတိုက်ခိုက်မှု၊ လေကြောင်းတိုက် ခိုက်မှု အမြောက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် လူရာပေါင်းများစွာ သေဆုံးခဲ့ရပြီ ဖြစ်ပေမယ့်၊ အာဏာသိမ်း စစ်ခေါင်း ဆောင်အပေါ် ထိုက်သင့်သလောက် ဩဇာလွှမ်းမိုးမှုရှိတဲ့ ဆရာတော်ကြီးတွေဟာ တစုံတရာ မှတ်ချက်ပေး တားမြစ်ပြောဆိုဖို့ လက်ရှိအချိန်ထိ ပျက်ကွက်နေကြပါတယ်။
2 سال پیش در تاریخ 1401/05/27 منتشر شده است.
2,902,154 بـار بازدید شده
... بیشتر