【ခြေလှမ်းများနှင့်မနက်ဖြန် (၁၅) - Professional Web Developer -ဆရာအိမောင် 】

Live the Dream
Live the Dream
17.1 هزار بار بازدید - 5 سال پیش - [Unicode]【ခြေလှမ်းများနှင့်မနက်ဖြန် (၁၅) - Professional Web
[Unicode]

【ခြေလှမ်းများနှင့်မနက်ဖြန် (၁၅) - Professional Web Developer -ဆရာအိမောင်  】

ဒီတစ်ပါတ်ရဲ့ ခြေလှမ်းများနှင့်မနက်ဖြန် အစီအစဉ်မှာ ကျွန်တော်တို့ Live The Dream Media ကနေ Professional Web Developer တစ်ဦးလည်းဖြစ်၊ Fairway Technology သင်တန်းကျောင်း ရဲ့ Managing Partner & Co-Founder တစ်ဦးလည်းဖြစ်တဲ့ ဆရာအိမောင်နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ဒီအင်တာဗျူးလေးမှာဆိုရင် ဆရာအိမောင်တစ်ယောက် သူ့ရဲ့ဝါသနာ၊ သူ့ရဲ့ အားသာချက်ကို သိမြင်လာခဲ့ရပုံတွေ၊ ခေတ်စနစ်ရဲ့ နည်းပညာအားနည်းချက်တွေကြောင့် စိန်ခေါ်မှုကြီးမားခဲ့တဲ့ အသက်မွေးဝမ်းကြောင်းဘဝခရီးလမ်း၊ ဆရာရဲ့ ဝါသနာနဲ့ စိတ်အားထက်သန်စွာကြီးစားမှုတွေကြောင့် အခက်အခဲတွေကြားက ရရှိခဲ့တဲ့ အောင်မြင်မှုတွေနဲ့အတူ လူငယ်တွေအတွက် တန်ဖိုးရှိလှတဲ့ ဆရာရဲ့အကြုံပြုချက်တွေကို မြင်တွေ့သိရှိရမှာဖြစ်ပါတယ်။

“ပညာကို အခြေခံပြီး လုပ်ရတဲ့အလုပ်တွေမှာ ကျွမ်းကျင်ဖို့က အရေးအကြီးဆုံးပဲ ၊ ကျွမ်းကျင်မှ အောင်မြင်မှာ ဖြစ်လို့ သူများကောင်းတယ်ပြောလို့ လိုက်လုပ်ပြီး ကိုယ်က စိတ်သိပ်မပါရင် လိုအပ်တဲ့ ကျွမ်းကျင်မှုကို ရမှာမဟုတ်ဘူး….။ကိုယ်ကိုယ်တိုင်က အမှန်တကယ် ဝါသနာပါပြီး ကိုယ်ကိုယ်တိုင်က အမှန်တကယ် စိတ်အားထက်သန်မှပဲ လိုအပ်တဲ့ ကျွမ်းကျင်မှုကို ရမှာ…”

ဒီ အင်တာဗျူးလေးကနေ ဝါသနာနဲ့ အသက်မွေးဝမ်းကြောင်းပြုဖို့ မဆုတ်မနစ် ကြိုးစားရုန်းကန်နေကြတဲ့လူငယ်များနဲ့ Professional Web Developer ဖြစ်ဖို့ ကြိုးစားနေကြတဲ့ web developer လောင်းလေးတွေ အတွက် အားအင်ဖြစ်စေမယ်၊ မှတ်သားအတုယူစရာများရရှိမယ်လို့ မျှော်လင့်ပါတယ်။

[Zawgyi]





5 سال پیش در تاریخ 1398/05/09 منتشر شده است.
17,145 بـار بازدید شده
... بیشتر