DVB - ပြန်လည်သင့်မြတ်ချိန် တန်ပြီလား(၈လေးလုံး)?

DVB TV News
DVB TV News
2.1 میلیون بار بازدید - 7 سال پیش - “ပြည်သူက အုပ်ချုပ်နေတဲ့ အစိုးရကို မကြိုက်တော့တဲ့အချိန်မှာ၊ ရုန်းထွက်တာချင်း
“ပြည်သူက အုပ်ချုပ်နေတဲ့ အစိုးရကို မကြိုက်တော့တဲ့အချိန်မှာ၊ ရုန်းထွက်တာချင်း တူလာတဲ့အချိန်မှာ ၈၈ အရေးတော်ပုံ ပေါ်ထွက်လာတယ်လို့ ထင်တယ်။ ဘယ်သူ ဦးဆောင်လဲဆိုရင်၊ အဲ့ကာလမှာ ဘယ်သူဦးဆောင်လဲဆိုတာ မသိဘူး.။ ဒါပေမယ့် အဲဒီအချိန်မှာ တရားဥပဒေစိုးမိုးမှု မရှိခဲ့တာတော့ အမှန်ပဲ။”
ဒေါက်တာ နန္ဒာလှမြင့် - ပြောရေးဆိုခွင့်ရှိသူ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ
“တော်လှန်ရေးဆိုတာ စားပွဲခင်း ခင်းပြီး ဇွန်း ခက်ရင်းနဲ့ ထမင်းထိုင်စားတာ မဟုတ်ဘူး။ ဘေးထွက်ဆိုးကျိုး ဆိုတာ ရှိတယ်။ ဘေးထွက်ဆိုကျိုးကို highlight လုပ်ပြီး တော်လှန်ရေးကို ဆွဲချလို့ မရဘူး။ ခေါင်းဖြတ်တဲ့ ဖန်တီးမှုတွေ.. ဘယ်သူက ဖန်တီးလဲ ဆိုတာ ကျနော် မပြောချင်ဘူး။ စစ်အစိုးရ ကိုယ်တိုင်ကိုက ပါတီစုံ ဒီမိုကရေစီ စနစ်ကို လက်ခံခဲ့ရတာပဲ မဟုတ်ဘူးလား။ ဒါတော်လှန်ရေး အဖြေပဲ။”
ဦးမြအေး - ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း
DVB TV - 06.08.2017
7 سال پیش در تاریخ 1396/05/16 منتشر شده است.
2,177,648 بـار بازدید شده
... بیشتر