ကမ္ဘာ့အဆင့်ဂျပန်ဖိုက်တာနဲ့ ထိုးသတ်မယ့် မြန်မာလူငယ်ဖိုက်တာ - BBC News မြန်မာ

BBC News မြန်မာ
BBC News မြန်မာ
55.8 هزار بار بازدید - 3 روز پیش - "သူက ကစားသမားကောင်းဆိုတော့ အချိန်ပြည့်ထိုးဖို့ ပြင်ထားတယ်၊ ဒါပေမဲ့
"သူက ကစားသမားကောင်းဆိုတော့ အချိန်ပြည့်ထိုးဖို့ ပြင်ထားတယ်၊ ဒါပေမဲ့ အခွင့်အရေးရရင် ရသလိုတော့ ပွဲကိုဖြတ်မယ်" လာမယ့် စက်တင်ဘာ ၂၇ ရက်မှာ ကမ္ဘာကျော် ဂျပန်ဖိုက်တာ တာကဲရု နဲ့ မြန်မာလူငယ်ဖိုက်တာ သန့်ဇင် တို့ဟာ ONE Friday Fights 81 ပွဲစဥ်မှာ ယှဥ်ပြိုင်ထိုးသတ်ဖို့ရှိနေပါတယ်။ ကမ္ဘာ့အဆင့် ဂျပန်ဖိုက်တာနဲ့ ထိုးသတ်ရမယ့်ပွဲက သူ့အတွက် အရေးအကြီးဆုံးပွဲဖြစ်တယ်လို့ သန့်ဇင်က ဘီဘီစီကပြောပါတယ်။ ထိုင်းနိုင်ငံမှာ လေ့ကျင့်နေတဲ့ မြန်မာဖိုက်တာသန့်ဇင်နဲ့ အစ်ကိုဖြစ်သူ မြန်မာလက်ဝှေ့ကမ္ဘာ့ ချန်ပီယံဟောင်းထွန်းလွင်မိုး တို့ ညီအစ်ကို ၂ ဦးကို ဂျပန်ဖိုက်တာနဲ့ပွဲအတွက်ဘယ်လောက်ပြင်ဆင်လေ့ကျင့်နေလဲဆိုတာကို ဘီဘီစီကို ဖြေကြားချက်ကို ဒီရုပ်သံမှာကြည့်ရှုပါ။ #ဘီဘီစီမြန်မာပိုင်း #ဝမ်းချန်ပီယံရှစ် #သန့်ဇင် #OneChampionship
3 روز پیش در تاریخ 1403/07/03 منتشر شده است.
55,830 بـار بازدید شده
... بیشتر