စစ်ကောင်စီနဲ့ SSPP အကြား စစ်ရေးအလားအလာ

167 هزار بار بازدید - 2 ماه پیش - သတင်းမြင်ကွင်းကျယ်“စစ်ကောင်စီနဲ့ SSPP အကြား စစ်ရေးအလားအလာ”~~~■ ပြီးခဲ့တဲ့အပတ်
သတင်းမြင်ကွင်းကျယ်
“စစ်ကောင်စီနဲ့ SSPP အကြား စစ်ရေးအလားအလာ”
~~~
■ ပြီးခဲ့တဲ့အပတ် မေလ ၃ ရက်နေ့က ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) က စစ်ကောင်စီကို တိုက်ဖို့ဆုံးဖြတ်လိုက်တယ်ဆိုတဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ စားပွဲဝိုင်းမှာ အဖြေရှာဖို့ မဖြစ်နိုင်တော့တဲ့အတွက် လက်နက်ကိုင်တော်လှန်ဖို့ ရွေးချယ်ခဲ့တာလို့ SSPP/SSA ဒုတိယ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောပါတယ်။ တစ်ချိန်ထဲမှာ SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူက စစ်ကောင်စီကို တိုက်ပွဲ၀င်ဖို့ အစီအစဥ်အတွက် ဆုံးဖြတ်ထားတာမျိုး မရှိသေးဘူးလို့ ပြောလိုက်ပါတယ်။ အခုအခြေအနေဟာ SSPP အဖွဲ့အတွင်း ကွဲလွဲမှုတွေရှိနေတယ်ဆိုတာပြနေပေမဲ့ သုံးသပ်သူအများစုက SSPP အဖွဲ့ဟာ မြောက်ပိုင်းက အဖွဲ့တွေနဲ့ ညှိနှိုင်းမှုတွေရှိပြီး ဆောင်ရွက်လာဖို့ရှိတယ်လို့ သုံးသပ်ပါတယ်။ ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။
____________
Subscribe ▶ http://bit.ly/2ajgBxf

မိုဘိုင်းအက်ပ် ▶ https://smarturl.it/RFAburmeseapp
ဝဘ်ဆိုက် ▶ https://www.rfa.org/burmese
ဖေ့စ်ဘွတ်ခ် ▶ Facebook: rfaburmese
တွစ်တာ ▶ Twitter: RFABurmese
အင်စတာဂရမ် ▶Instagram: rfaburmese
တယ်လီဂရမ် ▶https://t.me/rfaburmeseofficial

(လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။)
2 ماه پیش در تاریخ 1403/02/18 منتشر شده است.
167,037 بـار بازدید شده
... بیشتر