Khit Thit သတင်းဌာန၏ ဇူလိုင် ၂၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit Media
Khit Thit Media
972.3 هزار بار بازدید - ماه قبل - Khit Thit သတင်းဌာန၏ ဇူလိုင် ၂၅
Khit Thit သတင်းဌာန၏ ဇူလိုင် ၂၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၂၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -လားရှိုးမြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကြီးကို MNDAA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဒီကနေ့ မနက်ပိုင်းမှာပဲ သိမ်းပိုက်ပြီးတဲ့နောက် လားရှိုးမြို့ အုပ်ချုပ်ရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်ပြီး မြို့အုပ်ချုပ်ရေး နဲ့ ပြန်လည် တည်ဆောက်ရေးကို ဆောင်ရွက်သွားမယ်လို့ MNDAA က တရားဝင် ကြေညာလိုက်ပါတယ်။ - လားရှိုးမြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကြီးကို MNDAA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ပြီးတဲ့နောက်မှာပဲ လက်ကျက်စခန်းငယ်တွေကိုက ရှင်း လင်းဖို့နဲ့ မြို့ထဲမှာ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံဖမ်းဆီးဖို့ ကျန်နေ သေး တယ်လို့ ၁၀၂၇ ဒုတိယလှိုင်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်နေတဲ့ BPLA တပ်ဖွဲ့ရဲ့ ခေါင်းဆောင် မောင်ဆောင်းခ က လူမှုကွန်ယက်ကတဆင့် ထုတ်ပြန်ပြောဆိုထားပါတယ်။ - ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ အတွဲလိုက်ပစ်တဲ့ ဒုံးလက်နက် နဲ့ ၁၂၀ မမ အမြောက်တွေ အပါအဝင် လက်နက်မျိုးစုံ ၂၀၀ ကျော် နဲ့ ခဲယမ်းတွေကို သေတ္တာလိုက် သိမ်းဆည်းရရှိထားတဲ့အပြင် စစ်သုံ့ပန်း အယောက် ၃၀ ကျော်ပါ ဖမ်းဆီးရရှိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
ماه قبل در تاریخ 1403/05/04 منتشر شده است.
972,379 بـار بازدید شده
... بیشتر