ရော်ရွက် , မယာ - Broken Family (Audio)

YAW YAZT
YAW YAZT
49 هزار بار بازدید - 3 سال پیش - Song - Broken Family Artists
Song - Broken Family
Artists - Yaw Yazt , Mar Yar (ရော်ရွက် , မယာ)
Composer - Yaw Yazt , Nay Ye (ရော်ရွက် , နေရဲ)
Music - SMO                    
Mixing - Htoo Thit

#YawYazt #ရော်ရွက် #BrokenFamily #MarYar #မာယာ
-----------------------------------------------------------------
👇🏻My Profile Link 👇🏻
🧒🏻Facebook - Facebook: yawyaztvocalist
🧒🏻Spotify - https://open.spotify.com/artist/6V68F...
🧒🏻Apple Music - AppleMusic: yaw-yazt
🧒🏻Amazon  - https://music.amazon.com/artists/B06X...
🧒🏻Tidal - https://listen.tidal.com/artist/8609250
🧒🏻Naspter - https://us.napster.com/artist/yaw-yazt
------------------------------------------------------------------------
Rap 1 : နွေးထွေးမှုနဲ့ကြင်နာခြင်းများ ခေါင်းပါးလွန်းတဲ့အိမ် ရန်တွေဖြစ်လိုက် ပြဿနာတွေတက်လိုက်အဲ့ဒါကျနော်တို့အိမ် မာနတွေမထားပဲတခါကသာယာတဲ့မိသားစုဘဝဆီကိုပြန်သွားချင် ခြံဝတွင်အမေ့က်ိုလိုက်ပို့တဲ့ကားတစ်စီးနဲ့လူကြောင့်အဖေ့ရင်ထဲမှာသံသယဝင်
အဖေဟာအလုပ်လက်မဲ့ လောကဓံပုတ်ခတ်တဲ့လှိုင်းတွေကြားမခံန်ိုင်တော့အရက်တွေသောက်မိနေဆဲ ရာဇဝင်ရိုင်းတဲ့သမိုင်းတွေအား
မိသားစုဘက်ကိုတစ်ချက်မှမကြည့် အမေ့ကိုလည်းပြဿနာတွေထပ်ရှာပြီးရန်ဖြစ်တိုင်းလက်ပါသည် ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးဒီအိမ်ကိုလက်ပြနှုတ်ဆက်ထွက်ခွာပြီ
အတ္တတွေများပြီးတော့အဖေနဲ့အမေကြားမှာစည်းခြားနေသလား ကလေးတစ်ယောက်ရဲ့အနာဂတ် ပုံသဏ္ဏန်မှာ မိဘဟာအဓိကလေဗျာ
တကိုယ်ကောင်းမဆန်ပဲ သားတို့မောင်နှမတွေရှေ့ရေးကိုအလေးပေးပါ မိဘနဲ့သားသမီး သံယောဇဉ်ခဏထား လူသားဆန်စွာတွေးပေးပါ
စိတ်ကူးထဲမှာ အဖေနဲ့အမေက လက်ကိုဆွဲပြီး ကျောင်းကြိုပေါ့ လက်တွေ့နဲ့တခြား ဖိုးလမင်းဆီမှာရွှေလင်ဗန်းနဲ့ တောင်းသလိုမျိုး အပေါင်းသင်းတွေဝိုင်းပြီးစ ကျနော်သည်းမခံနိုင်လို့ခေါင်းကိုထိုး အတန်းပိုင်ဆရာမလာခေါ်တယ် ကျောင်းရုံးခန်းထဲကိုရောက်ဖို့ကို.....

cho :အရင်လိုမိသားစု ထမင်းဝိုင်းလေးပြန်လိုချင်ပါတယ် ချိုမြိန်တန်ဖိုးရှိတဲ့ မေမေ့အပြုံးလေး ပြန်မြင်ချင်ပါတယ် အနာဂတ်လှပလွန်းတဲ့သားသမီးဖြစ်ချင်မိတယ်..
နာကျင်ခံစားမှုတို့ အမြန်ဆုံးလွှင့်ပျောက်ကုန်ချင်ပါပြီကွယ် အဖေအမေတကယ်နွေးထွေးတဲ့ ရင်ခွင်လေးတစ်ခုခိုလှုံချင်ပါတယ် ဝဋ့်ကျွေးပေးဆပ်ရရင်ဒီခဏနဲ့ပျက်ပြယ်ပါစေ
မငိုပါနဲ့မေမေ.....
အမြဲတမ်းနွေးထွေးပေးတဲ့အဖေနဲ့ အမြဲတမ်းပြုံးပြတတ်တဲ့အမေရယ် သံယောဇဉ်ကြိုးလေးများစွာ အိမ်မက်တွေနဲ့သီးခြားကမ္ဘာလေးထဲပျော်ခဲ့ လောကဓံမုန်တိုင်းရိုက်ချက်တွေလဲ အဖေရဲ့တောင့်ခံနိုင်အားတို့ပြိုလဲ အိမ်မက်တွေကခြောက်လန့်လာ အမေ့ရဲ့ခေါင်းအူံးလေး
မျက်ရည်ရွှဲ ဘယ်မှာလဲ ငါ့အတွက်ပြည့်စုံနေတယ် ဆိုတာတွေဘယ်မှာလဲ အိမ်ပြန်ချိန်ပျော်ရွှင်စရာတွေ အကုန်လွင့်ပျောက်ခဲ့တယ် လိုချင်တောင်းတမိတယ်ဟိုအရင်လို မိသားစုပြုံးတဲ့ ဓာတ်ပုံလေးလဲ.....

Rap : အဖေ့ခေါင်းထဲကထုတ်ဖစ်လိုက် စီးပွားရေးကျဆင်းသွားတဲ့အကြောင်းတွေကို လာခြင်းမလှတဲ့ကောင်းကင်ကိုမော့ကြည့်ရင်းစကားတွေပြော အတိတ်တွေကိုမြေလှန်ပြောင်းပစ်ဖို့မကြိုးစားပဲ ပစ္စပ္ပန်၌ကောင်းစေလိုမိသားစုစုံလင် ထမင်းဝိုင်းထဲမှာပျော်ရွှင်ခြင်းတွေနဲ့ခေါင်းစဉ်ထိုး ဇာတ်လမ်းလေးမကောင်းလဲဇာတ်သိမ်းလေးလှရင်ကျေနပ်ပါတယ်ဗျာ အရှေ့ရပ်မှနေထွက်တိုင်းမျှော်လင့်ခဲ့ဖူးတဲ့မိသားစုကမ္ဘာ အတိတ်ကံကြောင့်ဒီဘဝတခုမှာဆုံဆည်းပြီးမှ မခွဲချင်ဘူးကျနော်မခွဲချင်ဘူး ဒီမိသားစုကိုတဖတ်မှာထားပြီးမာနတွေနဲ့မလဲသင့်ဘူး တခြားမိသားစုတွေကိုအားကျတယ် အမှန်တရားဆီသွားရင်းနဲ့မှားသွားတယ် ဘယ်လိုစိတ်ဓာတ်မျိုုးတွေနဲ့အဆိပ်ခတ်လို့နေလဲ အိမ်မက်ဆိုးတွေနဲ့အဖေ နိုးထပေးပါတော့ကျနော်တောင်းပန်ပါတယ်ဗျာ ရှင်ရက်နဲ့မခွဲချင်ဘူး အဖေမဟုတ်တဲ့တခြားယောကျာ်းသားလက်ကို ကျနော်ဘတော့မှမတွဲချင်ဘူး အရင်ကဆိုထမင်းချက်လို့နေတဲ့ အမေ့ရဲ့ဘေးနားမှာစနောက်လ်ို့နေတဲ့အဖေဘာကြောင့်မို့သီးခြားကမ္ဘာလေးတစ်ခုကို တည်ဆောက်ဖို့ထွက်သွားတာလဲ တစ်ခုခုဆိုစဉ်းစားတတ်တဲ့အဖေဘာလို့အခုကြပြတ်သားတာလဲ ကျနော့်ဘဝမှာအမေကကောင်းကင် အဖေကတကယ်တော့နတ်ဘုရားပါပဲ.....

Cho :အရင်လိုမိသားစု ထမင်းဝိုင်းလေးပြန်လိုချင်ပါတယ် ချိမြိန်တန်ဖိုးရှိတဲ့ မေမေ့အပြုံးလေး ပြန်မြင်ချင်ပါတယ် အနာဂဏ်လှပလွန်းတဲ့သားသမီးဖြစ်ချင်မိတယ်..
နာကျင်ခံစားမူ့တို့ အမြန်ဆုံးလွှင့်ပျောက်ကုန်ချင်ပါတယ်ကွယ် အဖေအမေတကယ်နွေးထွေးတဲ့ ရင်ငွေ့လေးတစ်ခုခိုလှုံချင်ပါတယ် ဝဋ့်ကျွေးပေးဆပ်ရရင်ဒီခနနဲ့ပျက်ပြယ်ပါစေ
မငိုပါနဲ့မေမေ.....

ဆန္ဒတချို့ဆုတ်ကိုင်ကျနော်ပြန်လည်ပေါင်းစည်းစေချင်တယ် အရင်ကလိုကျနော်တို့မိသားစုပျော်ပျော်ရွှင်ရွှင်နေချင်တယ် စည်းစိမ်တွေမော်တော်ကားတွေလေယာဉ်ပျံတွေလဲမလိုချင်ပါဘူး ဖြစ်နိုင်ရင်အဖေနဲ့အမေကို ပြန်လည်ပေါင်းစည်းစေချင်တယ်...........
3 سال پیش در تاریخ 1400/04/18 منتشر شده است.
49,007 بـار بازدید شده
... بیشتر