ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို လေလံတင်ဖို့ တရားရုံး ဆုံးဖြတ် - BBC NEWS မြန်မာ

BBC News မြန်မာ
BBC News မြန်မာ
96.7 هزار بار بازدید - 7 ماه پیش - ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် ဘီဘီစီ မြန်မာတီဗီ အစီအစဉ်

- ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ခြံနံပါတ် ၅၄ နေအိမ်နဲ့ ခြံဝင်းကို လေလံတင် ရောင်းချဖို့ ဆိုပြီး ကမာရွတ် တရားရုံးက  အမိန့်ချမှတ်လိုက်ပါတယ်။ ဒီနေရာကို လေလံတင်ဖို့ တရားရုံးက ကြမ်းခင်းစျေး ဘယ်လောက် သတ်မှတ်ထားပါသလဲ။

- ရခိုင်ပြည်နယ်က ပေါက်တောမြို့ကို အလုံးစုံ ထိန်းသိမ်းထားနိုင်ပြီလို့ ရက္ခိုင့်တပ်တော် အေအေက သတင်းထုတ်ပြန်ထားသလို၊ တောင်ပိုင်းက ရမ်းဗြဲမြို့ပေါ်မှာလည်း စခန်းသိမ်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။

- ပင်လယ်နီထဲက ကုန်သွယ်ရေး သင်္ဘောတွေကို ဟူသီသူပုန်တွေ ရဲ့ တိုက်ခိုက်မှု ရန်ကနေ ကာကွယ်ပေးနေတဲ့ အမေရိကန် စစ်သင်္ဘောပေါ်ကနေ ဘီဘီစီ သတင်းထောက် ပေးပို့လာတဲ့ သတင်းကိုလည်း တင်ဆက်ပေးထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း
7 ماه پیش در تاریخ 1402/11/05 منتشر شده است.
96,784 بـار بازدید شده
... بیشتر