သိပ္ပံပညာနှင့် အဖြေမရှာနိုင်သော်လည်း လက်တွေ့တွင် အမှန်တကယ်တည်ရှိနေသောနေရာများ

The Reader Myanmar
The Reader Myanmar
1.4 میلیون بار بازدید - 5 سال پیش - နှစ်တွေအများကြီးကျော်လွန်လာပြီးနောက် ကမ္ဘာကြီးကိုကျွန်တော်တို့နားလည်ထားတာတွေလည်း အတော်ပြောင်းလဲသွားပါတယ်။ ကမ္ဘာကြီးက ပြားနေတယ်လို့လည်း
နှစ်တွေအများကြီးကျော်လွန်လာပြီးနောက် ကမ္ဘာကြီးကိုကျွန်တော်တို့နားလည်ထားတာတွေလည်း အတော်
ပြောင်းလဲသွားပါတယ်။ ကမ္ဘာကြီးက ပြားနေတယ်လို့လည်း မတွေးကြတော့ပါဘူး ။ အများစုကတော့ အရင်တည်း
က မတွေးကြတာပေါ့ဗျာ။  မီးတောင်တွေ ဘယ်လိုပေါက်ကွဲလဲဆိုတာလဲ သိလာသလို ကျွန်တော်တို့ခြေချနိုင်သမျှ
ကုန်းမြေတိုင်းကိုလည်း လေ့လာစူးစမ်းခဲ့ကြပါတယ်။ အဲ့ဒီထဲမှာမှ ကျွန်တော်တို့လက်ရှိမှာနေထိုင်နေတဲ့နေရာ သို့
မဟုတ် သိပ္ပံပညာရှင်တွေက သီးသန့်သွားရောက်စူးစမ်းတဲ့နေရာအချို့ဟာ ကျွန်တော်တို့ကို ယခုထိ ဝေခွဲမရဖြစ်စေ
တုန်းပါပဲ။ ဟုတ်ပါတယ် ဒီနေ့ ကျွန်တော် ပြောပြမယ့် အကြောင်းအရာကတော့ သိပ္ပံပညာနှင့် အဖြေမရှာနိုင်ပေမယ့်
လက်တွေ့မှာ အမှန်တကယ်တည်ရှိနေတဲ့နေရာ (၁၀) ခုပဲ ဖြစ်ပါတယ်။

No 10 : မြန်မာလို့ဘာသာပြန်ရင် မကောင်းဆိုးဝါးရဲ့ ရေနွေးကရားလို့ အမည်ရတဲ့ Devil’s Kettle
   ခင်ဗျားအနေနဲ့ အန္တရာယ်ရှိပြီး သိပ္ပံပညာနဲ့တောင် အဖြေရှာဖို့ခက်တဲ့ နေရာတွေကို တွေးကြည့်မယ်ဆိုရင်တော့
မင်နီဆိုတာ ပြည်နယ်ဟာ (Minnesota) သင့်စိတ်ထဲရောက်လာမယ့် ပထမဆုံးနေရာမဟုတ်လောက်ပေမယ့် Superior စူပီရီယာ ရေကန်ရဲ့မြောက်ဖက်ကမ်းခြေမှာ တည်ရှိတာကြောင့် တစ်ခုခုတော့ ထူးခြားနေမယ်လို့နားလည်နေမှာပါ။ ဒီနေရာမှာ ထိတ်လန့်ဖွယ် လျှို့ဝှက်ချက် တစ်ခုရှိနေပါတယ်။ အဲဒါကတော့ ဧရာမကျောက်တုံးကြီးတွေကြောင့် နှစ်ခြမ်းကွဲနေတဲ့ ရေတံခွန်ကြီးပဲ ဖြစ်ပါတယ်။ ရေတံခွန်ရဲ့တစ်ခြမ်းက မြစ်ထဲကိုအတားအဆီးမရှိ စီးဆင်းသွားပြီးတော့ အခြားတစ်ခြမ်းကတော့ ၁၀ ပေ လောက်နိမ့်ဆင်းသွားတဲ့လမ်းကြောင်းကတစ်ဆင့် အရှိန်ပြင်းပြင်းနဲ့မြေအောက်တစ်နေရာကို စီးဆင်းပျောက်ကွယ်သွားပါတယ်။ အဲဒီ့လမ်းကြောင်းက ပဟေဠိဆန်လှပြီး ရေစီးကြောင်းက ဘယ်ကပြန်ထွက်လာမလဲဆိုတာကို သိပ္ပံပညာရှင်တွေက နည်းပေါင်းစုံနဲ့ဖော်ထုတ်ခဲ့ပေမယ့် အခုထိအဖြေရှာမရသေးပါဘူး။ သူတို့ဟာ မြင်သာထင်သာရှိမယ့် ရောင်စုံဘောလုံးတွေကိုရေထဲကိုပစ်ချကြတယ်..ပြန်တွေ့လို့တွေ့ငြားပေါ့ ။ ဒါပေမယ့်..ရေစီးကြောင်း
စီးဝင်သွားတဲ့ ပဟေဠိတွင်းပေါက်ကြီးထဲ ပစ်ထည့်လိုက်သမျှဟာ ဘယ်တော့မှ ထပ်မပေါ်လာတော့ပါဘူး။ အဲ့ဒီအထဲ
ကိုသာ ပြုတ်ကျခဲ့မယ်ဆိုရင် ဘယ်အချိန်၊ ဘယ်နေရာမှာ ပြန်တွေ့ရမယ်ဆိုတာ ဘယ်သူမှမသိနိုင်တာမို့လူတွေ
တတ်နိုင်တာတစ်ခုကတော့ အဲ့ဒီအနားကို မသွားဖို့တားမြစ်ရုံပဲရှိပါတယ်။

No 9 : Fire Eagle Nest, Sibera မီးလင်းယုန်အသိုက်
    ခင်ဗျား တစ်နေရာရာကို သွားပြီးတော့ ပတ်ဝန်းကျင်က စွမ်းအားတွေက တစ်ခုခုမှားယွင်းနေသလိုလို ဖြစ်နေပြီး
ကြောက်စရာလို့ ခံစားရတာမျိုး ကြုံဖူးပါသလား။ ပြောရမယ်ဆိုရင်တော့ အဲ့ဒီခံစားချက်ဟာ ကျွန်တော်ထပ်ပြောပြ
မယ့်နေရာမှာ ကြုံရမယ့်အရာတွေပါပဲ။ Fire Eagle Nest ဆိုတာကတော့ နတ်ဆိုးတွေရဲ့ပိုင်နက်လို့ ဒေသခံတွေက
သိကြတဲ့ ဆိုက်ဘေးရီးယားသစ်တောရဲ့ အလယ်ဗဟိုမှာရှိတဲ့ တောင်ပေါ်ချိုင့်ဝှမ်းနေရာတစ်ခုပါပဲ။ ဆန်းကြယ်တာက
တော့ ဘယ်သူမှ အဲ့ဒါထက် ပိုမသိကြတာပါပဲ။ ဒီချိုင့်ဝှမ်းကြီးရဲကသက်တမ်းဟာ နှစ်ရာပေါင်းနည်းနည်းထက် မပိုနိုင်သလို၊ သိပ္ပံပညာရှင်တွေ အစက ထင်မှတ်ထားသလို ဥက္ကာပျံတွေကျရောက်လို့ဖြစ်ပေါ်တာမျိုးလည်း မဟုတ်ဘူးလို့ဆိုပါတယ်။ ဒီ့ထက်ဆန်းကြယ်တာကတော့ နာမည်မကျော်ကြားတဲ့ အဏုမြူျဓာတ်ပေါင်းဖိုအနားက သစ်ပင်လိုပဲ..အဆိုပါချိုင့်ဝှမ်းရဲ ့အနီးတစ်ဝိုက်မှာရှိတဲ့ သစ်ပင်တွေဟာ ကြီးထွားမှုနှုန်း အဆမတန်မြင့်မားနေတာဖြစ်ပါတယ်။ အဲ့ဒီချိုင့်ဝှမ်းဆီ အတော်နီးနီးသွားဖူးတဲ့သူတွေဟာ အပြင်းအထန် ခေါင်း
ကိုက်တာမျိုးနှင့် အန်တော့မလို အော်ဂလီဆန်တာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ Eugeny Vorobiev ယူဂျီနီ ဗိုရိုဘိ ဆိုတဲ့ စူးစမ်းရှာဖွေသူတစ်ယောက်ကတော့ ကျန်းမာရေးအကောင်းပကတိကနေ ၎င်းချိုင့်ဝှမ်းနဲ့ ကီလိုမီတာအနည်းငယ်လောက် ကွာဝေးတဲ့နေရာအရောက်မှာ နှလုံး ဖောက်ပြန်ပြီး ရုတ်တရက် သေဆုံးခဲ့ပါတယ်။ ဖြစ်လာမယ့်အကျိုးဆက်ကို လက်မခံနိုင်ရင်တော့ ကိုယ်သွားရောက်လည်ပတ်ချင်တဲ့စာရင်းထဲ မထည့်သင့်တာ အသေအချာပါပဲဗျာ။
5 سال پیش در تاریخ 1398/04/10 منتشر شده است.
1,428,767 بـار بازدید شده
... بیشتر