Khit Thit သတင်းဌာန၏ ဇူလိုင် ၂၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit Media
Khit Thit Media
1 میلیون بار بازدید - 2 ماه پیش - Khit Thit သတင်းဌာန၏ ဇူလိုင် ၂၅
Khit Thit သတင်းဌာန၏ ဇူလိုင် ၂၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၂၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဒီကနေ့ မနက်ပိုင်းမှာ MNDAA က သိမ်းပိုက်နိုင်ကြောင်း MNDAA ဘက်က ကြေညာလိုက်ပါတယ်။ - မိုးကုတ်မြို့ကို TNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းပိုက်ပြီးတဲ့နောက်မှာပဲ စစ်တပ်က လေယာဉ် နဲ့ ဗုံးကျဲမည့် အန္တရာယ်ကို သိထားပေမယ့် ပြည်သူ့အောင်ပွဲအတွက် တစ်ပြည်လုံး စိတ်အား တက်ကြွစေဖို့အတွက် ပြည်သူ့ရဲဘော်တွေကို ထောက်ခံတဲ့ အကြောင်းပြသတဲ့အနေနဲ့ ပြည်သူတွေက လမ်းပေါ်ထွက်ပြီး သောင်းသောင်းဖျဖျကြိုဆိုခဲ့တာဖြစ်တယ်လို့ မိုးကုတ်ပြည်သူ တချို့က ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။ - ကချင်ပြည်နယ် ၊ မိုးမောက်မြို့ပြင်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် စခန်းဖြစ်တဲ့ ခမရ ၄၃၇ ကိုလည်း KIA - PDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေပြီး အဲဒီ စခန်းကို သိမ်းပိုက်ပြီးရင်တော့ မိုးမောက်မြို့နယ် တစ်ခုလုံး လွတ်မြောက်သွားမှာဖြစ်တယ်လို့ KIA သတင်းရင်းမြစ်က ပြောဆိုထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
2 ماه پیش در تاریخ 1403/05/03 منتشر شده است.
1,096,669 بـار بازدید شده
... بیشتر