Khit Thit သတင်းဌာန၏ ဇွန် ၂၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit Media
Khit Thit Media
1 میلیون بار بازدید - 3 ماه پیش - Khit Thit သတင်းဌာန၏ ဇွန် ၂၇
Khit Thit သတင်းဌာန၏ ဇွန် ၂၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၂၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့လက်အောက်က အလယ်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်၊ စစ်အရာရှိ နဲ့ ဗိုလ်ချုပ်ဟောင်းတချို့ကို  စစ်တပ်အပေါ် ပုန်ကုန်ဖို့ ကြံစည်မှုနဲ့ ဖမ်းဆီးထားတယ်လို့ စစ်တပ်တပ်သတင်းရင်းမြစ်က တဆင့်  CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

-ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြိုပြင်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ အမှတ် ၆၀၆ ဒုံးတပ်ရင်းအပါအဝင်  အုမ္မခါးရွာတပ်စခန်း နဲ့ တပ်မ ၃၃ တပ်စခန်းတွေကိုပါ TNLA - PDF မဟာမိတ်ပူးပေါင်းတပ်တွေက ထပ်မံ သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းတွေလည်း ရရှိထားတယ်လို့ TNLA ကနေ သတင်းထုတ်ပြန်ထားပါတယ်။

- ရခိုင်ပြည် မောင်တောမြို့က ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ရဲ့ ကယ် ဆယ်ရေးရိက္ခာတွေကို စစ်တပ်က ယူဆောင်ခဲ့တယ်ဆိုပြီး အကြမ်းက် စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ဝန်ခံလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
3 ماه پیش در تاریخ 1403/04/07 منتشر شده است.
1,033,573 بـار بازدید شده
... بیشتر