မိုးမိတ်နဲ့ မိုးကုတ်က စစ်ကောင်စီစခန်း (၄)ခု TNLA သိမ်းပိုက်... မတ္တရာနဲ့ စဉ်းကူးမှာ PDF က စခန်း...

Htet Aung Kyaw
Htet Aung Kyaw
13.3 هزار بار بازدید - 2 هفته پیش - မိုးမိတ်နဲ့ မိုးကုတ်က စစ်ကောင်စီစခန်း (၄)ခု TNLA
မိုးမိတ်နဲ့ မိုးကုတ်က စစ်ကောင်စီစခန်း (၄)ခု TNLA သိမ်းပိုက်... မတ္တရာနဲ့ စဉ်းကူးမှာ PDF က စခန်းဆက်သိမ်း... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ

(၁၀- ၇- ၂၀၂၄)

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း (၁၅) ရက်မြောက်နေ့မှာ မိုးမိတ်နဲ့ မိုးကုတ်က
စစ်ကောင်စီတပ်စခန်း (၄)ခုကို TNLA နဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်တယ်လို့
PSLF/ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ပြောခွင့်ရက BNN
ကိုပြောပါတယ်။

မိုးကုတ်အနောက်ပိုင်းကို တော်လှန်ရေးတပ်တွေက အပြည့်အ၀
ထိန်းချုပ်ထားပြီးနောက်  မိုးကုတ် အရှေ့ဖက်ပိုင်း မိုင်တိုင် (၅)
စခန်းနဲ့ ယောမူး စခန်းကို သိမ်းပိုက်လိုက်ပြီလို့ TNLA ပြောခွင့်ရ
လွေးယေဦးက ပြောပြပါတယ်။

မနေ့က သိမ်းပိုက်တဲ့ စခန်း ၄ ခုပါ ပေါင်းရင် ၁၅ ရက်အတွင်း
သိမ်းနိုင်တဲ့ခစန်း ၄၀ နီးပါးရှိနေပြီလို့လည်း လွေးယေဦးက ပြောပါတယ်။

စစ်ကောင်စီဖက်က အကျအဆုံးကို မသိရသေးပေမယ့် တိုက်ပွဲအတွင်း
သိမ်းမိလက်နက်တွေကိုတော့ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

နောင်ချိုမြို့နယ် သဲခေါ် ရွာ အနီးတဝိုက်မှာ တိုက်ပွဲဖြစ်နေပြီး
စစ်ကောင်စီတပ်က အတွဲလိုက်ဒုံးတွေနဲ့ပစ်တယ်၊ ဒုံးတပ် (၆၀၆)စခန်းမှာလည်း
တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က Jet Fighter နဲ့
တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- လားရှိုးဖက်မှာတော့ မနေ့က တိုက်ပွဲငြိမ်နေပြီး ကားလမ်းတွေ ရှင်းနေပြီ၊
မြို့ထဲ အဝင်-အထွက် လုပ်လို့ရနေတယ်လို့ဆို...

- PDF တွေ သိမ်းပိုက်ထားတဲ့ မတ္တရာမြို့နယ် ရေနံ့သာ တိုးဂိတ်ကို
စစ်ကောင်စီက စစ်ကြောင်းထိုးလာစဉ် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ တပ်သား
အလောင်း (၇) လောင်းနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိတယ်လို့ PDF-MDY က
သတင်းထုတ် ပြန်...

- ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း၊ ရှမ်း-မန်း စစ်ဆင်ရေးမှာ
ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းက PDF
တပ်ရင်း၊ တပ်ဖွဲ့ဝင် ပါဝင်တိုက်ခိုက်နေတယ်လို့ NUG သတင်းထုတ်ပြန်...

- သံတွဲဖက်မှာတော့ တပ်ဆုတ်လာတဲ့ စစ်ကောင်စီတပ်နဲ့ AA- အာရက္ခတပ်တော်တို့
ဇူလိုင် ၉ ရက် မနက်ပိုင်းက သံတွဲမြို့ လင်းသာကမ်းခြေမှာ
ထိတွေ့မှုဖြစ်ပွားပြီး တိုက်ပွဲပြင်းထန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ burmanewsnetwork)
2 هفته پیش در تاریخ 1403/04/19 منتشر شده است.
13,330 بـار بازدید شده
... بیشتر