Khit Thit သတင်းဌာန၏ ဩဂုတ် ၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit Media
Khit Thit Media
952.9 هزار بار بازدید - ماه قبل - Khit Thit သတင်းဌာန၏ ဩဂုတ် ၇
Khit Thit သတင်းဌာန၏ ဩဂုတ် ၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -မန္တလေးတိုင်းက မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်းကနေ စွန့်ခွာ ထွက်ပြေးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ အလယ်ပိုင်းတိုင်း ဒုတိုင်းမှူး ဗိုလ်မှူးချုပ်အောင်လွင်ဆိုတဲ့သူက စစ်ကူလူအင်အား ပြည့်ပြည့်စုံစုံ မပေးတဲ့အတွက် အမိန့်ကို မနာခံဘဲ ထွက်ပြေးရတာဖြစ်တယ်ဆိုပြီး စစ်ခုံရုံးမှာ ထွက်ဆိုသွားတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောထားပါတယ်။ - ရှမ်းပြည်နယ် တောင်ပိုင်းက ဆီဆိုင်မြို့မှာပါ တိုက်ပွဲတွေ တကျော့ပြန် ပြင်းထန်လာပြီး မနေ့က ဆီဆိုင်မြို့တိုက်ပွဲအတွင်းမှာပဲ စစ်ကောင်စီဘက်က ၁၅ ဦးကတော့ အသီးသီးသေကုန်ကြတဲ့ စစ်သားတွေရဲ့ မသာအလောင်းတွေနဲ့အတူ လက်နက် ၁၀ လက် နဲ့ ဒရုန်း ၁ စင်းကို တော်လှန်ရေး တပ်တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ ပအို့အမျိူးသာလွတ်မြောက်ရေးတပ်မတော် PNLA က ပြောပါတယ်။ -ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ တရုတ်နိုင်ငံသားတွေ အမြန်ဆုံး ပြောင်းရွှေ့ထွက်ခွာကြဖို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကနေ ဩဂုတ်လ ၆ ရက်နေ့ ရက်စွဲနဲ့ သတိပေးချက် ထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
ماه قبل در تاریخ 1403/05/17 منتشر شده است.
952,972 بـار بازدید شده
... بیشتر