ဂန့်ဂေါနယ် မြောက်ခင်ရန်းရွာက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှု

1.2 میلیون بار بازدید - 5 ماه پیش - ဂန့်ဂေါနယ် မြောက်ခင်ရန်းရွာက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှု~~~■ စစ်တပ်အာဏာသိမ်းထားတဲ့သုံးနှစ်အတွင်း
ဂန့်ဂေါနယ် မြောက်ခင်ရန်းရွာက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှု
~~~
■ စစ်တပ်အာဏာသိမ်းထားတဲ့သုံးနှစ်အတွင်း စစ်ယူနီဖောင်းဝတ်စုံနဲ့ လက်နက်ကိုင်ထားတဲ့ လူတစ်စုက ဖမ်းဆီးရမိထားတဲ့ အရပ်ဝတ်နဲ့ လူငယ်နှစ်ယောက်ကို အရက်စက်ဆုံး အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်နေတဲ့ ရုပ်သံသက်သေဖိုင်တစ်ခု ဖေဖော်ဝါရီလ ၆ ရက်နေ့က ပေါ်ထွက်လာပါတယ်။ မကွေးတိုင်း ဂန့်ဂေါနယ်က မြောက်ခင်ရန်းရွာမှာဖြစ်ခဲ့တဲ့ အဲဒီရုပ်သံမှတ်တမ်းဖိုင်ကို RFA ကလည်း လက်ခံရရှိခဲ့ပါတယ်။ အဲဒီရုပ်သံဖိုင်ဟာ အများပြည်သူကြည့်ဖို့ မသင့်တော်တဲ့အတွက် အထဲကလှုပ်ရှားမှုတချို့ကို ရုပ်သေဓာတ်ပုံအဖြစ် ကောက်နှုတ်ပြီး တင်ပြမှာပါ။ ကျူးလွန်ခဲ့တဲ့သူတွေထဲက တစ်ယောက်ကိုလည်း ဖမ်းမိထားတယ်လို့သိထားတဲ့အကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ ပြောခွင့်ရသူက ပြောပါတယ်။ RFA ဝိုင်းတော်သူ မဂျူလိုင်မျိုး တင်ပြပါလိမ့်မယ်။
____________
Subscribe ▶ http://bit.ly/2ajgBxf

မိုဘိုင်းအက်ပ် ▶ https://smarturl.it/RFAburmeseapp
ဝဘ်ဆိုက် ▶ https://www.rfa.org
ဖေ့စ်ဘွတ်ခ် ▶ Facebook: rfaburmese
တွစ်တာ ▶ Twitter: RFABurmese
အင်စတာဂရမ် ▶Instagram: rfaburmese
တယ်လီဂရမ် ▶https://t.me/rfaburmeseofficial

(လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။)
5 ماه پیش در تاریخ 1402/11/18 منتشر شده است.
1,218,353 بـار بازدید شده
... بیشتر