နေပြည်တော်အနီး မကြုံစဖူး ရေကြီးနေ

Myanmar Now News
Myanmar Now News
734.1 هزار بار بازدید - 6 روز پیش - နေပြည်တော်အနီး မကြုံစဖူး ရေကြီးနေ ........... 'ရာဂိ'
နေပြည်တော်အနီး မကြုံစဖူး ရေကြီးနေ ........... 'ရာဂိ' တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံဒေသအများအပြားမှာ ရေကြီးရေလျှံမှုကို အဆိုးရွားဆုံး ကြုံတွေ့နေရပါတယ်။ သေဆုံးသူ ၂၆ ဦးထက်မနည်းရှိလာပြီး ပျောက်ဆုံးနေသူတွေလည်း အများအပြား ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေးသမားတွေဆီကနေ သိရပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း ပျော်ဘွယ်၊ ရမည်းသင်း၊ ကျောက်ဆည်၊ မြစ်သား မြို့နယ်တွေအပြင် အာဏာသိမ်း စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်က ဇေယျာသီရိ၊ ပျဉ်းမနား၊ တပ်ကုန်းစတဲ့ မြို့နယ်တွေမှာပါ စက်တင်ဘာ ၁၁ရက်နေ့က စပြီး အဆိုးရွားဆုံး ရေဘေးနဲ့ ကြုံတွေ့နေရတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ ဇေယျာသီရိမြို့နယ်က စစ်ရုံးချုပ်သွားရာ ၁၂လမ်းသွား ကားလမ်းမပေါ်အထိ ရေမြှုပ်နေပြီး၊ ဒါဟာ နေပြည်တော်မှာ ပထမဆုံးအကြိမ် အကြီးမားဆုံးသောရေကြီးမှု ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ သတင်း၊ တင်ဆက် - မောင်ရွှေဝါ၊ ကိုမြတ်ကြီး
6 روز پیش در تاریخ 1403/06/22 منتشر شده است.
734,171 بـار بازدید شده
... بیشتر